
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်းများ (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်) သင်တန်းများ ကို ၂၃-၁၁-၂၀၂၃ ရက်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ၁၆-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍လည်းကောင်း၊ သင်တန်းနှစ်များအားလုံးမှ ကျောင်းသားကျောင်းသူများအား ၁၄-၁၁-၂၀၂၃ ရက်နေ့မှစတင်၍လည်းကောင်း ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
သိရှိလိုသည်များကို ၀၉-၅၃၂၂၅၈၄ ၊ ၀၉-၇၈၄၁၁၁၄၅၃ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)
( ၂၀၂၃ - ၂၀၂၄ ) ပညာသင်နှစ် (ပထမနှစ်ဝက်) သင်တန်း Academic Plan
အကြောင်းအရာ | အချိန်ကာလ |
---|---|
ကျောင်းအပ်လက်ခံရက် | (၁၆- ၁၁- ၂၀၂၃) ရက် |
စတင်ဖွင့်လှစ်မည့်ရက် | (၂၃ - ၁၁ -၂၀၂၃) ရက် |
သင်တန်းကာလ | (၂၃ - ၁၁- ၂၀၂၃) ရက်မှ (၁၄ - ၃ - ၂၀၂၄) ရက်ထိ (၁၆ ပတ်) |
ကိုယ်ပိုင်စာကြည့်ချိန် | (၁၅ - ၃ - ၂၀၂၄) ရက်မှ (၂၀ - ၃ - ၂၀၂၄) ရက်ထိ |
စာမေးပွဲကျင်းပမည့်ရက် | (၂၁ - ၃ - ၂၀၂၄) ရက်မှ (၃ - ၄ - ၂၀၂၄) ရက်ထိ |
ကွန်ပျူတာတက္ကသိုလ်(သထုံ)
( ၂၀၂၃ - ၂၀၂၄ ) ပညာသင်နှစ် (ဒုတိယနှစ်ဝက်) သင်တန်း Academic Plan
အကြောင်းအရာ | အချိန်ကာလ |
---|---|
စတင်ဖွင့်လှစ်မည့်ရက် | (၃ - ၆ - ၂၀၂၄) ရက် |
သင်တန်းကာလ | ( ၃ - ၆ - ၂၀၂၄ ) ရက်မှ ( ၂၀ - ၉ - ၂၀၂၄) ရက်ထိ ( ၁၆ ပတ် ) |
ကိုယ်ပိုင်စာကြည့်ချိန် | ( ၂၁ - ၉ - ၂၀၂၄ ) ရက်မှ ( ၂၅ - ၉ - ၂၀၂၄ ) ရက်ထိ |
စာမေးပွဲကျင်းပမည့်ရက် | ( ၂၆ - ၉ - ၂၀၂၄ ) ရက်မှ ( ၃ - ၉ - ၂၀၂၄ ) ရက်ထိ |