University Of Computer Studies (Thaton)
Our History
University of Computer Studies (Thaton) is situated at the foot of the Wondami Hill in Gawt village of Thaton Township, Mon State. At first, Government Computer College (Mawlamyine) was opened on 4th September, 2000 in the compound of Government Technical College(Mawlamyine) in Mon State. It was later moved next to Mawlamyine Industrial Zone in Nyaung Pin Zate Village Tract of Kyaikmayaw Township. In 20th January 2007, it was upgraded to the University level and named as the Computer University (Mawlamyine). At present, the University is so named as the Computer University (Thaton) as it was moved to Thaton in 20th November, 2011. The Grand Opening Ceremony of the Computer University (Thaton) was successfully held on 5th December, 2011.
ဖွဲ့စည်းတည်ထောင်ခဲ့သည့်ခုနှစ်နှင့်သမိုင်းကြောင်း
ကွန်ပျူတာတက္ကသိုလ်(သထုံ)သည် မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် ရှိပါသည်။ ပထမဦးစွာ အစိုးရကွန်ပျူတာကောလိပ် (မော်လမြိုင်)ကို ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(မော်လမြိုင်) ဝန်းအတွင်း တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အစိုးရကွန်ပျူတာကောလိပ် (မော်လမြိုင်)ကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာရှိ မော်လမြိုင်စက်မှုဇုံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ယခုအခါ ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ် (သထုံ) ဟုအမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ကျောင်းဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။