၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် မှ ပဉ္စမနှစ်သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာခြင်း

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ပထမနှစ်မှ ပဉ္စမနှစ်ထိ(ပထမနှစ်ဝက်)သင်တန်းများနှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်းကို (၂၄- ၁၁- ၂၀၂၅) ရက်နေ့တွင်စတင် ဖွင့်လှစ်ပါမည်။ သင်တန်းနှစ်များအားလုံးသည် Credit System ဖြင့် ကျင့်သုံးပါမည်။ ပထမနှစ်မှ ပဉ္စမနှစ်ထိ(ပထမနှစ်ဝက်)သင်တန်များးမှ ကျောင်းသား၊ ကျောင်းသူများအား (၁၇- ၁၁- ၂၀၂၅) ရက်နေ့မှ စတင်၍ Online စနစ်ဖြင့် ကျောင်းအပ်လက်ခံခြင်းအား ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

သိရှိလိုသည်များကို ၀၉-၅၃၂၂၅၈၄ ၊ ၀၉-၇၈၄၁၁၁၄၅၃ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)

( ၂၀၂၅ - ၂၀၂၆ ) ပညာသင်နှစ် Academic Plan

အကြောင်းအရာအချိန်ကာလ
ကျောင်းအပ်လက်ခံရက်(၁၇ - ၁၁ - ၂၀၂၅) ရက်(တနင်္လာနေ့)
စတင်ဖွင့်လှစ်မည့်ရက်(၂၄ - ၁၁- ၂၀၂၅) ရက်(တနင်္လာနေ့)
သင်တန်းကာလ( ၂၄ - ၁၁ - ၂၀၂၅ ) ရက်မှ ( ၁၃ - ၃- ၂၀၂၆) ရက်ထိ ( ၁၆ ပတ် )
ကိုယ်ပိုင်စာကြည့်ချိန်( ၁၄ - ၃ - ၂၀၂၆ ) ရက်မှ ( ၁၆- ၃ - ၂၀၂၆ ) ရက်ထိ
စာမေးပွဲကျင်းပမည့်ရက် ( ၁၇ - ၃ - ၂၀၂၆ ) ရက်မှ ( ၂၇- ၃ - ၂၀၂၆ ) ရက်ထိ